-
မြေယာမဲ့လူတန်းစား များပြားခြင်းကြောင့် မြေငှားရမ်းမှု ဈေးကွက် ပိုမို တွင်ကျယ်လာ မြေယာမဲ့လူတန်းစားများ အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့စွန် ရပ်ကွက် များရှိ မြေလွတ် နေရာ များတွင် မြေငှားရမ်းမှု ဈေးကွက် ပိုမို တွင်ကျယ် လာကြောင်း၊ ယခင်က ၎င်းပိုင်ရှင်ရှိ မြေနေရာ လွတ်များသည် ဈေးကွက် အရ ရောင်းဝယ်မှု သာ ရှိခဲ့ပြီး ငှားရမ်းမှု မရှိ သလောက် နည်းပါး ခဲ့ကြောင်း သိရသည်။
Full story@NewsWatch ဂျာနယ်
-
ပြည်တွင်းပုဂ္ဂလိက အာမခံ လုပ်ငန်း ဈေးကွက် ခိုင်မာ လာသည့် အချိန်မှ နိုင်ငံခြားသား လုပ်ငန်းရှင် များကို ခွင့်ပြု ပေးမည် မြန်မာ့အာမခံလုပ်ငန်းမှ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင် များသို့ အာမခံ လုပ်ငန်း လုပ်ကိုင်ရန် ခွင်ပြု ပေးခဲ့ပြီး ဖြစ်သော်လည်း နိုင်ငံခြားသား လုပ်ငန်းရှင် များကိုမူ ပြည်တွင်း ပုဂ္ဂလိက အာမခံ လုပ်ငန်း ဈေးကွက် ခိုင်မာ လာသည့် အချိန်မှ ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း အာမခံ လုပ်ငန်း ကြီးကြပ်ရေး ရုံးအဖွဲ့မှ သိရသည်။
Full story@NewsWatch ဂျာနယ်
-
ထိုင်းသို့ အလုပ် သွားရောက် လုပ်ကိုင် သူများ ဆောက်လုပ်ရေး လုပ်ငန်း ကို ဦးစားပေး ရွေးချယ်လာကြ မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရ သဘော တူညီမှု အရမှ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း နယ်စပ်မှ ထိုင်းနိုင်ငံ တွင်းသို့ အလုပ် သွားရောက် လုပ်ကိုင် သူများ ဆောက်လုပ်ရေး လုပ်ငန်းကို ဦးစားပေး ရွေးချယ် လာကြ ကြောင်း ပြည်တွင်းမှ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီ အချို့ ထံမှ သိရသည်။
Full story@NewsWatch ဂျာနယ်
-
ပုံနှိပ်စက်များကို စည်းကမ်း တင်းကျပ် လွန်းသဖြင့် ပုံနှိပ် မီဒီယာများ အခက်ကြုံ ပြည်သူလူထုများ နေရာတိုင်းတွင် ဘဝ အခက်အခဲ ကြုံနေ ရလေ့ ရှိသလို ယခုအခါ ပုံနှိပ်စက် များကိုလည်း အခက်အခဲ ပေါင်းစုံနှင့် ကြုံတွေ့ စေသော စည်းကမ်း တင်းကျပ်မှု များ ပေါ်ထွက် နေသည်ကို တွေ့ရှိ ရသည်။ ပုံနှိပ်စက် ဆိုသည်မှာ အချိန်မီ လည်ပတ် ရသည့် အလုပ် ဖြစ်သည်။ သို့သော် ယခုအခါ ညနေ ၅ နာရီမှ ည ၁၁ နာရီထိ ပါဝါ မီတာနှင့် စက်မလည်ရ ဟူသော အမိန့်ကို မြို့နယ် လျှပ်စစ်ရုံး က ချမှတ် ထားသည်။ အကယ်၍ ပုံနှိပ်စက် လည်ပါက မြင်းကောင်ရေ တစ်ကောင်ကို ၁ သိန်း ဒဏ်ငွေ ဆောင်ရမည် ဟု သိရသည်။
Full story@NewsWatch ဂျာနယ်
-
ပြည်ပရောက် ပညာရှင်များ အမိမြေသို့ ပြန်လာ ကြရန် နိုင်ငံတော် သမ္မတ ဖိတ်ခေါ် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက် ရာတွင် ငွေကြေး၊ အရင်း အနှီး ပြီးလျှင် လူ့စွမ်းအား အရင်း အမြစ်မှာ အဓိက လိုအပ်ချက် ဖြစ်သော ကြောင့် ပြည်ပရောက် မြန်မာ နိုင်ငံသား ပညာရှင်များ၊ ကျွမ်းကျင် သူများ၊ လုပ်ငန်းရှင် များ တိုင်းပြည် ပြုပြင် ပြောင်းလဲရေး အတွက် အမိမြေ သို့ ပြန်လာ ကြရန် နိုင်ငံတော် သမ္မတ က ထပ်မံ ဖိတ်ခေါ် လိုက်ကြောင်း သိရသည်။
Full story@NewsWatch ဂျာနယ်
-
ပုဂ္ဂလိကပို့ဆောင်ရေး ယာဉ်များ အသစ် လဲလှယ်မည် ဆိုပါက ယာဉ်ပိုင်ရှင် များ၏ သဘောထား လေ့လာရန် လို ပုဂ္ဂလိကပို့ဆောင်ရေးယာဉ်များ ဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ခရီးသည်တင် ယာဉ်လိုင်း များမှ ယာဉ်များ နှင့် အငှားယာဉ် (တက္ကစီ) များကို ယာဉ်အို ယာဉ်ဟောင်း လဲလှယ်ရေး အစီအစဉ် သစ်ဖြင့် ဆောင်ရွက် ရန် စီစဉ် ထားမှုများ ရှိပါက ယာဉ်ပိုင်ရှင် တို့၏ သဘောထား နှင့် ဆန္ဒကို လေ့လာ သုံးသပ်ရန် လိုအပ်ကြောင်း သိရသည်။
Full story@NewsWatch ဂျာနယ်
-
နေပြည်တော်သို့ လည်ပတ်မည့် ကမ္ဘာလှည့် ခရီးသည်များ ကြိုတင် ခွင့်ပြုချက်လို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကမ္ဘာ့လှည် ခရီးသွား များ အနေဖြင့် အုပ်ချုပ် ရေးမှူး မြို့တော် နေပြည်တော် သို့ လည်ပတ် လိုပါက သက်ဆိုင်ရာ ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ဝန်ကြီး ဌာန၏ ကြိုတင် ခွင့်ပြုချက် ဖြင့်သာ သွားရမည် ဖြစ်ကြောင်း နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီး ဌာနမှ သိရသည်။
Full story@NewsWatch ဂျာနယ်
-
လမ်းလယ်ကျွန်း ကွန်ကရစ် ဘလောက်တုံး များအား ယာဉ်ကြော ပိတ်ဆို့မှု များသည့် နေရာ များတွင် ချထားမည် ရန်ကုန်မြို့တော် အတွင်းရှိ ယာဉ်ကြော ပိတ်ဆို့မှုများ နေ့စဉ် ဖြစ်ပွား နေလျက် ရှိသည့် လမ်းမကြီး အချို့၌ ကွန်ကရစ် ဘလောက်တုံး များ ချထား ခဲ့ရာ ယင်း ကွန်ကရစ် တုံးများအား ယာဉ်ကြော ပိတ်ဆို့ မှုများ မရှိ စေရန် ရည်ရွယ်ပြီး ချထား ခဲ့ခြင်း ဖြစ်ကြောင်း မြို့တော် စည်ပင်မှ သိရသည်။
Full story@NewsWatch ဂျာနယ်
-
အိမ်နီးချင်းနိုင်ငံများကြား မြန်မာနိုင်ငံ အနေဖြင့် ကားစီး နိုင်မှု နှုန်းမှာ အနိမ့်ဆုံး အနေ အထားတွင် ရှိ အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံ များနှင့် နှိုင်းယှဉ် ပါက မြန်မာ နိုင်ငံ၏ ကားစီး နိုင်မှု ပမာဏ မှာ အနိမ့်ဆုံး အနေ အထား တစ်ရပ်တွင် ရှိနေပြီး နိုင်ငံတကာ စံချိန် ပြည့်မီရန် တစ်ဆင့်ချင်း ဖြေလျှော့ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဗီယက်နမ် နိုင်ငံ၏ ကားစီး နိုင်မှု အရေ အတွက်ကို လိုက်မီရန် နောက်ထပ် ကား အစီးရေ ၂ ဆ ဖြစ်သည့် ၃.၈ သိန်း တင်သွင်းဖို့ လိုအပ် နေသေး ကြောင်း သိရသည်။
Full story@NewsWatch ဂျာနယ်
-
ဒလမြို့ခံ ဒေသအားလုံး သောက်သုံးရေ ရှားပါး အလှူရှင် များအား မျှော်လင့် ကျေးရွာရပ်ကွက်ပေါင်း ၅၀ နီးပါးခန့် ရှိသော ဒလ မြို့နယ် အတွင်းရှိ ဒေသခံ များသည် သောက်သုံးရေ အခက် အခဲ ဖြစ်သောကြောင့် ရေလှူဒါန်း မည့် အလှူရှင် များအား စောင့်မျှော် အားကိုး နေရ ကြောင်း၊ သောက်သုံးရေ လာရောက် လှူဒါန်း သူများသည် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း တို့တွင် အဓိကထား လှူဒါန်း ခဲ့ကြောင်း သိရသည်။
Full story@NewsWatch ဂျာနယ်

