Home

- Myanmar                    - Myanmar Locals
- Myanmar World Wide  - Expats in Myanmar
- Myanmar News Blog   - IT Store | Souvenirs

Home

Myanmar News Blog: daily Myanmar news

နေ့စဉ် သတင်းစုံ blog



မြန်မာ့ရိုးရာ စစ်တုရင် တစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲ ကျင်းပမည်

မြန်မာ့ ရိုးရာ စစ်တုရင် တစ်ဦးချင်း အလွတ်တန်း ပြိုင်ပွဲကို ဖေဖော် ဝါရီ ၁၅ ရက်မှ ၂၃ ရက် အထိ ရန်ကုန်မြို့ သိမ်ဖြူလမ်း နှင့် ကန်ရိပ်သာ လမ်းထောင့် ရှိ သိမ်ဖြူ အားကစား ခန်းမတွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ယင်း ပြိုင်ပွဲကို မည်သူ မဆို ပါဝင် ယှဉ်ပြိုင် နိုင်ကြောင်း နှင့် ပါဝင် ယှဉ်ပြိုင် လိုသည့် အားကစား သမား များသည် ဖေဖော် ဝါရီ ၁၄ ရက် နောက်ဆုံး ထား၍ မြန်မာ့ စစ်တုရင် အဖွဲ့ချုပ် ရုံးတွင် စာရင်း ပေးသွင်း နိုင်ကြောင်း သိရသည်။

Full story@Envoy ဂျာနယ်

 

စစ်တွေမြို့တွင် တောင်းရမ်းနေသည့် ကလေးငယ် များပြားလာဟုဆို

ရခိုင် ပြည်နယ် မြို့တော် စစ်တွေ တွင် လူ စည်ကားရာ မြိုလယ် စားသောက် ဆိုင်၊ စတိုးဆိုင်၊ လမ်းဆုံ လမ်းခွ များနှင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ တည်းခို နားနေသည့် ဟိုတယ် အနီး အနား ဝန်းကျင် များ၌ အခြေ အနေမဲ့ တောင်းရမ်း စားသောက် လျက် ရှိသော ကလေး ငယ် များကြောင့် မြို့နယ်နှင့် မြို့တော် ဂုဏ်သိက္ခာ ကို ထိခိုက် ညှိုးနွမ်း ကျဆင်း စေရာ သက်ဆိုင်ရာ မှ ဖယ်ရှား မှုများ ပြုလုပ် ဆောင်ရွက် သင့်ကြောင်း စစ်တွေ မြို့ခံ များက ပြောကြား ကြသည်ဟု သိရသည်။

Full story@Envoy ဂျာနယ်

 

ဖိလစ်ပိုင် Cebu Pacific က အရှေ့အာရှတစ်လွှား လေယာဉ်ခရီးစဉ်များ စတင်ရန် စီစဉ်

ပြည်ပ နိုင်ငံ များတွင် သွားရောက် အလုပ် လုပ်ကိုင် နေကြသည့် သန်းချီ ရှိသော ဖိလစ်ပိုင် လူမျိုးများ အတွက် ပစ်မှတ် ထား၍ ဖိလစ်ပိုင် Cebu Pacific က နောက်နှစ် ထဲတွင် အရှေ့ အာရှ တစ်လွှား ခရီးရှည် လေကြောင်း ပျံသန်းမှု လုပ်ငန်းများ စတင် လိမ့်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီး ယခု စီစဉ် ထားသည့် လေယာဉ် ခရီးစဉ် များသည် ဖယ်ရီ ပြေးဆွဲ ပေးသည့် သဘော သက်ရောက်ပြီး၊ လက်ရှိ ပြေးဆွဲ နေသည့် လေယာဉ် စီးခ နှုန်းထား များထက် လျော့နည်း မည် ဖြစ်ကြောင်း သိရသည်။

Full story@Envoy ဂျာနယ်

 

မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်စေခဲ့ခြင်းမှာ မှန်ကန်ကြောင်း အိုဘားမား ဝန်ခံ

အမေ ရိကန် ပြည်ထောင်စု က အငြင်း ပွားဖွယ် ဖြစ်နေ သော ဒုံးကျည် တိုက်ခိုက် မှုများ နှင့် ပတ်သက်၍ မောင်းသူမဲ့ ယာဉ်များ အသုံးပြု တိုက်ခိုက် ခဲ့ခြင်းမှာ မှန်ကန် ကြောင်း ရှားရှား ပါးပါး ဝန်ခံ ပြောကြား လိုက်ပြီး အိုဘားမား က အမည် နာမ ပေးမထား သော မောင်းသူမဲ့ ဒရုန်း ယာဉ်များ အား အယ်လ်ကိုင်ဒါ များ ရှိနေ သည်ဟု သတင်း ရထားသည့် ဒေသ များသို့ စေလွှတ် တိုက်ခိုက် မှုတွင် ပါကစ္စတန် မျိုးနွယ်စု ဒေသ များလည်း ပါဝင် ကြောင်း အတည်ပြု ပြောကြား လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

Full story@Envoy ဂျာနယ်

 

အိုင်အေအီးအေ စစ်ဆေးရေးအဖွဲ့ တီဟီရန် ရောက်ရှိ

နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီ (အိုင်အေ အီးအေ) သည် အီရန် နိုင်ငံသို့ လာရောက်ပြီး သုံးရက်တာ အတွင်း နျူ ကလီးယား ထုတ်လုပ် သော နေရာ များသို့ သွားရောက် ခဲ့ခြင်း မရှိ သလို စစ်ဆေးမှု များလည်း မရှိ ခဲ့ကြောင်း အမည် မဖော် ပြသော သတင်း ဌာန တစ်ခုက အီရန် တရားဝင် IRNA သတင်း အေဂျင်စီ သို့ ပြီးခဲ့သည့် အင်္ဂါနေ့ က ထုတ်ဖော် ပြောကြား ခဲ့ပြီး အိုင်အေ အီးအေ အနေဖြင့် အီရန် နိုင်ငံ အတွင်း လှည့်လှည် လေ့လာရင်း တာဝန် ရှိသူ များနှင့် တွေ့ဆုံ ဆွေးနွေး ရန်သာ ဆန္ဒ ရှိပုံ ရကြောင်း သိရသည်။

Full story@Envoy ဂျာနယ်

 

ကိုရီးယားသို့သွားရောက် အလုပ် လုပ်ကိုင်ရန် လုပ်သား ၂၀၀၀ ကျော် အတွက် အလုပ် ခေါ်စာများ ကျလာ

EPS-TOPIK စာမေးပွဲ အောင်မြင် သူများအား ကိုရီးယား နိုင်ငံ ဘက်မှ အလုပ် ခေါ်စာများ ပြန်လည် ချပေးသည့် ရက် ၂၀ တာ ကာလ အတွင်း လုပ်သား ၂၀၀၀ ကျော် ကျလာပြီ ဖြစ်ကြောင်း အစိုးရ ပြည်ပ အလုပ် အကိုင် အေဂျင်စီ မှ သိရသည်။

Full story@WeeklyEleven ဂျာနယ်

 

မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီပိုး အသစ်တွေ့ လူနာ ၁၇၀၀၀ ကျော်ရှိ

မြန်မာနိုင်ငံတွင် အိပ်ချ်အိုင်ဗွီပိုး အသစ် တွေ့လူနာ ၁၇၀၀၀ ကျော်ရှိ ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦး ထံမှ သိရသည်။

Full story@WeeklyEleven ဂျာနယ်

 

ဆီနီဂေါတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပေါ်ပြန်

ဆီနီဂေါ နိုင်ငံ မြို့တော် ဒါကာ တွင် အစိုးရ ဆန့်ကျင်ရေး လူထု ဆန္ဒပြ ပြည်သူ များနှင့် ရဲ အဖွဲ့ ဝင်များ ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံ ခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံး သွားခဲ့ ကြောင်း၊ ရဲ အဖွဲ့ဝင် များက လူအုပ်ကြီး အား မျက်ရည်ယို ဗုံးများ၊ ရေပိုက် များဖြင့် လူစု ခွဲခဲ့ကြောင်း၊ ပြည်သူ များက တတိယ သက်တမ်း အတွက် အာဏာ ဆက်လက် ရယူရန် ကြိုးပမ်း နေသော လက်ရှိ သမ္မတ ဝါဒေ အား ရာထူးမှ ဆင်းပေးရန် တောင်းဆို ခဲ့ကြ ခြင်း ဖြစ်ကြောင်း သိရသည်။

Full story@Envoy ဂျာနယ်

 

AMR လေကြောင်းလိုင်း အရှုံးပေါ်၍ အလုပ်အကိုင်နေရာ လျှော့ချ

အမေ ရိကန် လေကြောင်း လိုင်းများ American Airlines-AA ကုမ္ပဏီ က လေကြောင်းလိုင်း အသီးသီး တွင် အလုပ် လုပ်ကိုင် နေကြ သော လုပ်သား ဦးရေ၏ ၁၅ ရာခိုင်နှုန်း ခန့် အလုပ် အကိုင် နေရာ ပေါင်း ၁၃၀၀၀ ကို တာဝန်မှ အနား ယူစေ တော့မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီး AMR ပင်မ လေကြောင်း ကုမ္ပဏီ သည် ၂၀၁၁ ပထမ ၉ လ အတွင်း အမေရိကန် ဒေါ်လာ ၈၈၄ သန်းခန့် အရှုံး ပေါ်ခဲ့ ကြောင်း သိရသည်။

Full story@Envoy ဂျာနယ်

 

ဆိုနီကုမ္ပဏီ အရှုံးပေါ်၍ ပြောင်းလဲမှုများဖြင့် ပြန်စတင်မည်ဟုဆို

ဂျပန် နိုင်ငံ အီလက် ထရွန်နစ် ကုမ္ပဏီ ဆိုနီ (Sony) သည် ပြီးခဲ့သည့် နှစ် အောက်တိုဘာ၊ ဒီဇင်ဘာ အတွင်း ထိုင်း ရေကြီးမှု နှင့် ဂျပန် နိုင်ငံ အတွင်း သဘာဝ ဘေး အန္တရာယ် များ ကျရောက်မှု တို့ ဂယက် အဖြစ် တီဗီ ပြစက်များ ရောင်းအား ကျဆင်း ခဲ့ရာ အမေ ရိကန် ဒေါ်လာ ၁၉၅ ဘီလီယံ ဖိုး ဆုံးရှုံးမှု နှင့် ရင်ဆိုင် နေရ ကြောင်း သိရသည်။

Full story@Envoy ဂျာနယ်

 

မြန်မာ့လေကြောင်းမှ မော်လမြိုင်၊ ထားဝယ် စသည့် မြို့များကို ဗဟို ပြုကာ ထိုင်းနိုင်ငံ နယ်စပ် မြို့များသို့ ပြေးဆွဲရန် စီစဉ်

ယင်းသို့ စီစဉ် ရခြင်းမှာ မော်လမြိုင်၊ ထားဝယ် စသည့် မြို့များမှ မြဝတီ (မဲဆောက်)၊ ဘန်ကောက် စသည့် မြို့များသို့ ကူးသန်း ရောင်းဝယ် လျက် ရှိသည့် ကုန်သည်များ နှင့် ခရီးသည်များ နေ့စဉ် ရှိနေသည် ကို သိရှိ ရ သည့် အတွက် ယင်းသို့ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲရန် စီစဉ်ခြင်း ဖြစ်သည်ဟု သိရသည်။

Full story@WeeklyEleven ဂျာနယ်

 
More Articles...
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  9 
  •  10 
  •  Next 
  •  End 
  • »
Page 1 of 122

သင့်မိတ်ဆွေတွေကို ဒီသတင်းသိသွားအောင် အပေါ်က Facebook button ကို ကလစ် လုပ်လိုက် ပါလား။

page views so far.

သင့် phone မှာ camera ပါရင် ဒီ QR code လို့ခေါ်တဲ့ ဒီ 2D barcode ကို သင့် phone camera ကနေ ဓာတ်ပုံရိုက် လိုက်ပါ။ ဒီ web site က သင့်ဖုံးပေါ်မှာ ပေါ်လာ လိမ့်မယ်။ (မှတ်ချက်။ အသုံးပြုနိုင်သည့် ခေတ်မီ ဖုံး အမျိုးအစားနှင့် ဖုံး ကုမ္ပဏီ ပေါ်တွင် မူတည်ပါသည်။)

Facebook Comments

ယခု လတ်တလော အဖြစ်အပျက် သတင်းများနဲ့ ပတ်သက်ပြီး သင့်ထင်မြင်ချက် အယူအဆ တွေကို ဒီနေရာမှာ ဆွေးနွေးဘို့ ဖိတ်ခေါ် ပါတယ်။

FEED NEWS TO YOUR SITE

သင့်​ဝဗ်​ဆိုက် (သို့) ဖုံး (သို့) iPad ပေါ်​တွင် မြန်မာ​သ​တင်း ခေါင်းစဉ်​များ​ကို အလို​လျောက် ပေါ်​လို​က ဤ RSS feed ကို သုံး​ပါ။